Thursday, August 2, 2012

How to Install 4.0 ICS on Huawei U8818 without error?


Huawei U8818 အား Firmware တင်ခြင်းမပြုမီ သင့် ဖုန်းအတွင်းရှိ လိုအပ်သော Contact များ၊ ဖိုင်များကို အရင် သိမ်းဆည်းထားပါ။ ထို့နောက် Micro SD Card အနည်းဆုံး 2G အား Format ချကာ Firmware တင်ရန် အသင့် ပြုလုပ်ထားပါ။
ဒီနေရာကို နှိပ်ပြီး Huawei U8818 ICS  ကို Download လုပ်ပါ။
Download လုပ်ပြီး ရရှိလာသောဖိုင်အား Extract ပြုလုပ်ပြီး Zip ဖြည်ပါ။
အောက်ပါအတိုင်း \


ထိုသို့ Extract ပြုလုပ်ပြီးပါက အောက်ပုံအတိုင်း ဖိုင်တစ်ဖိုင် ဖြည်ပြီးဖြစ်မည်။ ထိုအခါ ၄င်းဖိုင်အား ဖွင့်ပါ။ 

အောက်ပုံအတိုင်း ဖိုင် (၃)ဖိုင် တွေ့ရှိရပါက Vander ဖိုင်ကို ဖွင့်ပါ။


ဖိုင်ထဲရှိ UPDATE.APP ဖိုင်အား UPDATE_CUST.APP ဟုအမည်ပြောင်းပေးပါ။


အမည်ပြောင်းထားသော UPDATE_CUST.APP ဖိုင်အား ဖိုင်အပြင်ဘက်ရှိ Dload ဖိုင်ထဲသို့ ကူးထည့်ပါ။
ထို့နောက် Dload ဖိုင်အား Copy ကူးကာ အသင့်ပြုလုပ်ထားသော Micro SD ကဒ်ထဲသို့ ကူးထည့်ပါ။


သင့် ဖုန်း (U8818) အား ဓါတ်ခဲဖြုတ်ပါ။ 
Dload ဖိုင်အား ထည့်ထားသော Micro SD Card အား ထည့်သွင်းပါ။
၎င်းနောက် ဓါတ်ခဲအား ပြန်ထည့်ပြီး ဖုန်း၏ vol UP (အသံချဲ့ခလုတ်) နှင့် Vol Down (အသံလျှော့ခလုတ်) အားနှိပ်ထားပြီး Power ခလုတ်အား နှိပ်လိုက်ပါ။ 
Firmware Update အား အဆင့်သုံးဆင့်ဖြင့် တင်နေသည်ကို တွေ့ရပါလိမ့်မည်။  အချိန် (၁၀)မိနစ်ခန့်ကြာနိုင်ပါသည် 

Update Complete ဖြစ်ပါက စက်မှာ ပိတ်သွားပြီး အလိုအလျှောက် ပြန်ပွင့်သွားပါမည်။ (၃)မိနစ် ခန့်ထပ်စောင့်ပါ စက်တက်လာပါမည်။ သင့် ဖုန်း ICS firmware ဖြင့် အလုပ်လုပ်နေပြီဖြစ်ပါသည်။

Root လုပ်နည်း နှင့် google application ထည့်သွင်းနည်း ဆက်လက်ရေးသားပါမည်။
 မေးမြန်းလိုသည်များရှိပါက
အောင်ချမ်းလင်း aungchan06@gmail.com  သို့ဆက်သွယ်နိုင်ပါသည်။

No comments:

Post a Comment